မချမ်းဘော့မြို့ အ.ထ.က(မချမ်းဘော့)စာစစ်ဌာန၌ ၂၀၂၃ခု နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၇၃)ဦး ဝင်ရောက်ဖြေဆိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘော့မြို့ အ.ထ.က(မချမ်းဘော့)စာစစ်ဌာန၌ ၂၀၂၃ခု နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၇၃)ဦး ဝင်ရောက်ဖြေဆိုမည်


MNP   -   မတ် ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်းကျောင်း(မချမ်းဘော့)စာစစ်ဌာန၌ ကျောင်းသားကျောင်းသူ(၇၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


မချမ်းဘော့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၁၉)ဦး၊ မ(၁၈)ဦး စုစုပေါင်း(၃၇)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၆)ဦး၊ မ(၃၀)ဦး စုစုပေါင်း(၃၆) ဦး အတွင်းအပြင်ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၇၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး  မချမ်းဘော့မြို့နယ်၌ အ.ထ.က(မချမ်းဘော့) စာစစ်ဌာန တစ်ခုတည်း၌သာ ဆောင်ရွက်သွားမည်ဖြစ်သည်။


 အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ စာမေးပွဲ အတွင်းအပြင် ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယောရွှေနီ

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)