ဆီဆိုင်မြို့နယ် ထီလုံးဆူကျေးရွာကုန်ထုတ်လမ်းပေါ်တွင် Box Culvert တံတားများတည်ဆောက်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာတော့မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ် ထီလုံးဆူကျေးရွာကုန်ထုတ်လမ်းပေါ်တွင် Box Culvert တံတားများတည်ဆောက်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာတော့မည်


MNP   -   မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကိုအကျိုးပြုစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert) တံတား(၃)စင်းဆောင်ရွက်ပြီးစီးမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်နှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပြည်နယ်မွမ်းမံ ခွင့်ပြု ရန်ပုံငွေကျပ်(၂၆.၂၅)သန်းဖြင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် (Box Culvert)တံတား(၅ပေ၊ ၂၂ပေ၊ ၅ပေ)(၃)စင်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း(၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာအတွင်းရှိ အိမ်ခြေ(၁၄၄)၊ အိမ်ထောင်စု(၁၅၅)စု၊ လူဦးရေ (၈၉၁)ဦးခန့်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အစစအရာရာ မြင့်မားတိုးတက်လာမည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာတော့မည်ဖြစ်ကြောင်း သိရသည်။


မျိုးမြတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)