ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မိမိတို့ဌာနအနေဖြင့် နည်းပညာတိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ်စေရေးအတွက် Human Resource စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်တန်ဖိုးမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံတော်၏ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိရှိဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။


တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးအတွက် Quality Control Manage-ment System ကိုအလေးထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် စနစ်တကျမျှော်တွေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လမ်းများတည်ဆောက်ရာတွင်လည်း လမ်းအင်္ဂါရပ်သတ်မှတ်ချက်များအပြင် လမ်းမကြီးများဥပဒေနှင့်အညီ လမ်းနယ်များမှန်ကန်စေရေး စနစ်တကျသတ်မှတ်ထားရှိရန်လိုကြောင်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျ တည်ဆောက်သွားရမည့်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်မှုရှိစေရေးတို့ကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်းနှင့်စီမံကိန်းများ၊ စီမံချက်များအကောင်အထည်ဖော်ရာတွင် ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျစိစစ်ချွေတာသုံးစွဲကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေက ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ ကဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းလျာထားချက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကိုတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)