ဝရမ်းပြေး မင်းကိုနိုင် ရဲ့ အလိမ်အညာ ကဗျာတစ်ပုဒ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝရမ်းပြေး မင်းကိုနိုင် ရဲ့ အလိမ်အညာ ကဗျာတစ်ပုဒ်



၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ အလွန်အမင်း ကျူးလွန်ခဲ့ခြင်းအပေါ် စစ်ဆေးဆောင်ရွက်ရန် နိုင်ငံရေးပါတီများနှင့် တပ်မတော်က အကြိမ်ကြိမ် တိုက်တွန်း တောင်းဆိုခဲ့သော်လည်း အာဏာရ NLD ပါတီအနေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း မရှိခဲ့တဲ့ အတွက်ကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ ၈၈ကျောင်းသား အိုကြီး မင်းကိုနိုင် တို့ရဲ့ ဂျင်းစကားတွေ ပလူပျံလာပါတော့တယ်။ တပ်မတော်က အာဏာလုယူတာပါဆိုတဲ့ ဂျင်စကားနဲ့အတူ လူငယ်တွေကို လမ်းပေါ်တွန်းတင်ခဲ့ပါတယ်။ 

နိုင်ငံရေးတစ်ဖတ်ပိတ် လူငယ်တွေဟာ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ ဟာ ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြီး တိုင်းဖျက် ပြည်ဖျက် စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်နေကြပြီဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိပါဘူး။ ပေါကြောင်ကြောင် အနုပညာရှင်တချို့ကပါ မင်းကိုနိုင်တို့ရဲ့ နိုင်ငံရေးလှုံ့ဆော်စာတွေကို ပြန်လည်ဖြန့်ဝေပေးခဲ့ကြသလို လမ်းပေါ်ထွက်လာတဲ့အခါမှာတော့ လူငယ်တွေလည်း နိုင်ငံရေးသမားဖန်တီးတဲ့ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းကြီးထဲကို ဆင်ကန်းတောတိုး တိုးဝင်လာကြတော့တာပါပဲ။

များမကြာမီမှာပဲ တိုင်းဖျက် ပြည်ဖျက်စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ဟာ အသုံးချခံ ပြည်သူတွေ လမ်းပေါ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အုံကြွနေချိန်မှာပဲ ထိုင်းနယ်စပ်က တဆင့် အမေရိကန်နိုင်ငံအထိ ဘေးမသီ ရန်မခ ထွက်ပြေးသွားကြပါတော့တယ်။ ဒီလူတွေ မြန်မာပြည်ထဲက ထွက်သွားနိုင်တဲ့ အခြေအနေဟာလည်း သူတို့ကို နောက်ကွယ်က သွေးထိုးမြှောက်ပင့်ပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေက သံရုံးတွေက အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် တာဝန်ရှိသူတွေအနေနဲ့က နိုင်ငံတကာ ဆက်ဆံရေးမှာ ထောက်ထားစရာတွေ ရှိနေတာကြောင့် သူတို့ကို အကာအကွယ်ပေးပြီး ဖွက်ထားခဲ့တဲ့ သံရုံးတွေကို ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း မပြုဘဲ ထွက်ခွင့်ပေးလိုက်ခြင်းလို့ပဲ ယူဆရပါတယ်။

မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားချိန်မှာ ပိုပြီးတော့ နိုင်ငံရေးဆူပူ အကြမ်းဖက်မှုတွေဖြစ်အောင် အာဝဇ္ဇာန်းကောင်းကောင်းနဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ရဲ့ သြဇာခံ လူ့ငနွားတွေဟာလည်း အုံလိုက်ကျင်းလိုက် ရှိနေတာဖြစ်လို့ သူတို့တွေရဲ့ တိုင်းဖျက် ပြည်ဖျက် စီမံကိန်းကြီးဟာ အတိုင်းထက်အလွန် အောင်မြင်ခဲ့ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေဟာ တိုင်းဖျက် ပြည်ဖျက် ရုံမျှနဲ့ အားမရနိုင်သေးဘဲ သာသနာဖျက်လုပ်ရပ်တွေပါ ကျူးလွန်လာတဲ့ အခါမျိုးမှာတော့ ပြည်သူလူထုအတွက် အော့နှလုံးနာစရာ ဖြစ်လာပါတော့တယ်။

နိုင်ငံရေးမှိုင်းတိုက်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ မင်းကိုနိုင် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတဲ့ ကဗျာတစ်ပုဒ်က -

("အမေ့အိမ်မှာ သားချော့တေးနဲ့ မှေးချင်ကြသူချည်းပေါ့ဗျာ

မီးလောင်ပြင်တရား၊ ဘယ်သူက ကန္တာရမျက်လုံးနဲ့ နာချင်မှာလဲ"

"သွေးဆာလို့ စစ်ကိုရွေးတာမဟုတ်

သွေးချောင်းစီးလို့ တော်လှန်ရတာ "

မသိချင်ယောင်မဆောင်ကြဖို့ပါ)

မင်းကိုနိုင် တို့ရဲ့ သြဇာခံ လူ့ငနွား အကြမ်းဖက်သမားတွေအနေနဲ့ ဒါမျိုးစာကိုသာ ဖတ်လိုက်ရရင် ချက်ချင်း လက်ငင်း ရက်စက်ယုတ်မာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထလုပ်လာကြမှာ အမှန်ပါပဲ။ 

ဂျပိုး ကို လိပ်ဖြစ်အောင် ဖန်တီးပြီး မှိုင်းတိုက်နိုင်တဲ့ မင်းကိုနိုင် ရဲ့ ကလောင်စွမ်းက တကယ့်ကို အံ့မခန်းပါပဲ။ သို့ပေသော် ဦးနှောက် ရှိသူတိုင်း စဉ်းစားချင့်ချိန်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး လှုံ့ဆော်နေတဲ့ သူတို့ က ဘာကြောင့် မတော်လှန်ဘဲ ပြေးကြတာလဲ။ 

(၁) နိုင်မယ့်တော်လှန်ရေး မဟုတ်တာကို သိနေကြလို့ပဲ။

(၂) ဆူပူအကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့သာ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

(၃) အနိုင်တိုက်ပြီး တိုင်းပြုပြည်ပြု လုပ်ချင်တဲ့ဆန္ဒနဲ့ လှုံ့ဆော်နေတာမျိုး မဟုတ်ဘဲ အနောက်အုပ်စုရဲ့ အလိုကျ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင်၊ ဘက်ပေါင်းစုံက အခက်အခဲ အကြပ်အတည်းတွေနဲ့ ပြည်သူတွေ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်အောင် ဖန်တီးခြင်းသက်သက်သာ ဖြစ်ပါတယ်။

တိုင်းပြု ပြည်ပြု စိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းကို စီးပွားတွက် တွက်ပြီး လုပ်ခဲ့ကြသူတွေ ဖြစ်ခြင်းကြောင့် ဆူပူအကြမ်းဖက်မှုတွေနဲ့ ကမောက်ကမဖြစ်နေပြီဆိုတဲ့ အချိန်မှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားကြတာပေါ့ဗျာ။

သူတို့တွေ လှုံ့ဆော်ခဲ့တဲ့ တော်လှန်ရေးရဲ့ ရလာဒ်ကို ပြန်တွက်ကြည့်ရင် သူတို့ရဲ့ သြဇာခံ သူတို့ကို ထောက်ခံသူတွေ အကြမ်းဖက်သမားများအဖြစ်နဲ့ ဘဝနိဂုံး အဆုံးမလှ ဖြစ်ခဲ့ရတယ်။ အကြမ်းဖက်သမား လူငယ်တွေ သူတို့ခိုင်းစေချက်တွေကို လိုက်ပါလုပ်ဆောင်ရင်း လက်ထဲမှာ မိုင်းကွဲသေတာ၊ ဗုန်းကွဲသေတာ၊ တိုက်ပေါ်က ခုန်ချသေတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် သေဆုံးရတာတွေ များစွာ ဖြစ်လာတယ်။ ဒီလို သေဆုံးရသူတွေအတွက် မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့မှာ ဘာမှ တာဝန်ယူစရာ မလိုဘူး။ ဖင်ယားလို့ သေတာ။ လူသတ်ပြီး ငွေရှာချင်လို့ အသေဆိုးနဲ့ သေတာ။ သူတို့မှာ ဘာမှ တာဝန်ယူစရာ မလိုဘူး။ တာဝန်ယူတဲ့ စကားမျိုး ပြောခဲ့ဖူးတာရော ကြားမိကြပါသလား။

မင်းကိုနိုင် တို့က ဝါရင့် သမ္ဘာရင် နိုင်ငံရေးလှုံ့ဆော်သူတွေအနေနဲ့ ကဗျာတစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် ထိထိရောက်ရောက် လုပ်ပေးတယ်။ ပန်ဆယ်လို ကတော့ သူ့ဆီက အထောက်အပံ့တောင်းနေတဲ့ PDF တွေကို ဖေတစ်ရာ မောင်တစ်ကျိတ် အဖေအရွယ်၊ အမေအရွယ်ကိုမှ အထာမထားဘဲ အယုတ္တ၊ အနတ္တစကားလုံးတွေနဲ့ ဆဲဆိုနေလေရဲ့။ ပန်ဆယ်လို ရိုင်းစိုင်းနေလို့ CRPH, NUG က ဘယ်သူကမှ မတားဝံ့ဘူး။ ပန်ဆယ်လို ဆဲတာ ခံရမှာ ကြောက်လို့။ ပန်ဆယ်လို ရှာပေးတဲ့ fundraising campaign တွေ လုပ်ပြီး ထောက်ပံ့ပေးတာကို ဝိုင်းစားနေကြတာဖြစ်တဲ့အတွက် ပန်ဆယ်လို ကို တစ်ခွန်းတစ်ပါဒတောင် စောဒက မတက်ရဲကြဘူး။

NLD နိုင်ငံရေးသမားတွေရဲ့ အဆင့်အတန်း ဘယ်လောက်အထိ ယုတ်ကန်းသလဲဆိုတာကို ဆန်းစစ်ကြည့်ရင် တချိန်က ဒေါ်စုထမီနားခိုပြီး အာဏာရ၊ လုပ်ပိုင်ခွင့်ရတော့ ပြည်သူ့ဘဏ္ဍာကို ရတဲ့အပေါက်က ခိုးပြီး စားကြတယ်။ အခု အာဏာလက်မဲ့ ဖြစ်တော့ ဖာသာသာ ရှိတဲ့ ပန်ဆယ်လို ရဲ့ ထမီနားခိုပြီး စားကြတယ်။ မရှက်ကြဘူး။


မင်းကိုနိုင် က "သွေးဆာလို့ စစ်ကိုရွေးတာမဟုတ်၊ သွေးချောင်းစီးလို့ တော်လှန်ရတာ" လို့ ဂျင်းထည့် မှိုင်းတိုက်ထားတာကြီးက အလွဲကြီး လွဲနေလို့ ထောက်ပြရေးသားပါဗျာ။ သူ့အနေနဲ့ သွေးဆာနေတာမဖြစ်နိုင်ဘူးဆိုတော့ သိသာပါတယ်။ သို့ပေသော် သူကျွမ်းကျင်တဲ့ အလုပ်က နိုင်ငံရေးလှုံ့ဆော်မှိုင်းတိုက်တဲ့ အလုပ်။ ငွေဆာနေတာ (တစ်နည်းအားဖြင့် ဒေါ်လာဆာနေတာ) ဖြစ်နိုင်ပါတယ်။ ပြည်သူအမြောက်အများကို သေတွင်းထဲ တွန်းပို့နိုင်ရင် ပြည်သူတွေရဲ့ အသက်နဲ့အမျှ ဒေါ်လာတွေရမယ်။ 


ကျွန်တော်တို့ ပြည်သူတွေက ကြက်သတ်၊ ဝက်သတ်ပြီး စီးပွားရှာတဲ့သူတွေကို အကုသိုလ်အလုပ်နဲ့ စီးပွားရှာသူတွေလို့ မြင်ကြတယ်။ လူ့အသက်ပေါင်းများစွာကို သေတွင်းထဲ တွန်းပို့ပြီး စီးပွားရှာနေတဲ့ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ကိုတော့ အကုသိုလ်ကောင်ကြီးတွေ၊ သူယုတ်မာကြီးတွေမှန်း မသိကြဘူး။ မသိနိုင်အောင်လည်း မင်းကိုနိုင်တို့ရဲ့ လိမ်ညာဝါဒဖြန့် မှိုင်းတိုက် ဂျင်းထည့် စကားလုံးတွေက လှပနေတာဆိုတော့ သေတွင်းထဲ တွန်းပို့လို့ တွန်းပို့မှန်း မသိနိုင်အောင် ဖြစ်ကြတာပေါ့ဗျာ။


သွေးချောင်းစီးအောင် ဖန်တီးခဲ့တာလည်း သူတို့ပါပဲ။ သူတို့ကို ထောက်ခံအားပေးတဲ့ လူ့ငနွားတွေကို အကြမ်းဖက်သမားဇာတ်သွင်း၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်လံသတ်ဖြတ်ခိုင်းခဲ့တယ်။ မြို့နယ်အလိုက် စာရင်းထုတ်ပေးပြီးတော့ကို သတ်ဖြတ်ခဲ့ကြတယ်ဗျာ။ လက်ရှိ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ အဖွဲ့အစည်းကသာ သွေးချောင်းစီးအောင် ဖန်တီးခဲ့မယ်ဆိုရင် နီပိန်းတွေ ဒီအချိန်မှာ ဆူပူ အကြမ်းဖက်ဖို့ နေနေသာ လှုပ်တောင် မလှုပ်ရဲလောက်ပါဘူး။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအပေါ် အနောက်အုပ်စုရဲ့ သြဇာခံ NLD ၊ ၈၈ က နိုင်ငံရေးလုပ်စားသူတွေလို မယုတ်မာခဲ့ဘူး။ မရက်စက်ခဲ့ဘူး။ နိုင်ငံတော်အစိုးရက စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်ပြီး ရှေးရှုမေတ္တာ ကရုဏာနဲ့ နိုင်ငံတော်ရဲ့ အခြေအနေမှန်ကို မည်မျှပင် ဖြောင်းဖျပြောဆိုနေစေကာမူ နားမဝင်နိုင်ဘဲ အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များနဲ့ တိုင်းရင်းသား လက်နက်ကိုင် တချို့ကပါ ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေနဲ့ နိုင်ငံဝန်ထမ်း ဆရာ/ဆရာမတွေပါ မချန် သတ်ဖြတ်ခဲ့တာ ၂နှစ်ကျော် ကာလမှာ လူဦးရေ (၆၀၀၀) ဝန်းကျင်အထိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီ မဟုတ်ပါလားဗျာ။ 

မင်းကိုနိုင် ရဲ့ ဂျင်းကဗျာ ကို စကားပြေပြန်ဆိုမယ်ဆိုရင် သွေးချောင်းစီးအောင် ဖန်တီးတာလည်း မင်းကိုနိုင်တို့ပါပဲ။ သွေးချောင်းစီးအောင် ဖန်တီးလှုံ့ဆော်ပြီး မသိချင်ယောင်ဆောင် ပြေးကြတာလည်း သူတို့တွေပဲ မဟုတ်ပါလားဗျာ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)