ပန်းတနော်မြို့နယ်တွင် ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

 


MNP ၊ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာ တပ်မတော်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မှုသော ပြည်လုံးကပ်ကျော်ကိုးနဝင်း စေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၈ နာရီက အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်ကြည်ညိုဖူးမျှော်ခဲ့သည်။


အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြတောင်ကျောင်းတိုက်နာယက စာချဆရာတော် ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မှုကြပြီးနောက်  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်ဘုံ အဆင့်ဆင့်များအား သံဃာတော်အရှင်သူမြတ်တို့ကို လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခဲ့ကြသည်။


ထို့နောက်  မင်္ဂလာအချိန်တွင်  ရတနာရွှေထီးတော်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များမှ ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် ပြည်လုံးကပ်ကျော်ကိုးနဝင်း စေတီတော်မြတ်အား လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်ခဲ့ပြီး စိန်ဖူးတော်၊ ငှက်မြက်နှားတော်၊ ရွှေထီးတော် ဘုံအဆင့်တို့ကို အမွှေးနံ့သာရေများ ပက်ဖျန်းဆုတောင်းပြီး  စေတီတော်အထွဋ်သို့ မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။


ဆက်လက်၍ ကြွရောက်တော်မှုလာကြကုန်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခဲ့ပြီး သိမ်တော်ဆင်း သံဃာတော် (၇၆)ပါးတို့အား သိမ်တော်ဆင်းလောင်လှူဒါန်းခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)