MNP ၊ မတ် ၃၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ နွေရာသီ မြန်မာ့ရိုးရာ အခြေခံ သိုင်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပေါင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိကိုယ်ကိုကာကွယ်တတ်စေရန်၊ အားကစားဖြင့် ကာယ၊ဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကားပြောကြားသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး နည်းပြ ဒေါ်အေးသီတာအောင်
က မြို့နယ်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားက စားသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေး က ပညာရပ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့် အခြေခံအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်ဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်စေရေး ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၁၆)ဦးတို့တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံမြန်မာ့ သိုင်းပညာ ( ၆၃ )ကွက် တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ မတ်လ( ၃၁ )ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ ( ၁၃ )ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment