ပေါင်မြို့နယ်တွင် ရပ်ကွက်၊ကျေး ရွာများ၌ မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ရပ်ကွက်၊ကျေး ရွာများ၌ မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်




MNP ၊ မတ် ၃၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက် ခဲ့ကြသည်။


မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်နှင့်အလှမ်းဝေးသော ကျုံကကျေးရွာရှိပြည်သူများအား သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့်စာအုပ်များသိမ်းဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ပေါင်မြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်း စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး အခြေခံပညာကျောင်းများသို့လည်း လစဥ်ပုံမှန် နယ်လှည့် အသိပညာပေး လုပ်ငန်းများဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)