အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်





MNP ၊ မတ် ၃၁

       ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များတိုးချဲ့ ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ(၃၁)ရက် နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဦးစီးမှူး ဦးဝင်းဇော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ စိုက်ပျိူး ရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများ အကောင်အထည်ဖော်ဆောင်ရွက်မည့် စခန်းမော်ကျေးရွာတွင် သီဟိုဠ်၊ သရက်နှစ်ရှည်သီးနှံ စိုက်ပျိုးရန် ရန်ပုံငွေကျပ်(၆၀၀)သိန်း၊ ဂါယ်လောင်း ကျေးရွာ တောင်ပေါ်တွင် သီဟိုဠ်၊ သရက်နှစ်ရှည်သီးနှံ စိုက်ပျိုးရန် ရန်ပုံငွေကျပ်(၄၀၀)သိန်း၊ ဂါယ်လောင်း ကျေးရွာအောက်ကျင်းတွင် မိုးစပါး၊ နွေစပါး စိုက်ပျိူးရန် ရန်ပုံငွေကျပ်(၄၀၀)သိန်း စုစုပေါင်းငွေ ကျပ်(၁၄၀၀)သိန်းကို မြို့နယ်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ က ကျေးရွာကြီးကြပ်မှုကော်မတီများသို့ ရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)