မိုင်းခတ်မြို့၊ လူထုအခြေ‌ပြုဗဟိုဌာန၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးကော်မတီမှ အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့၊ လူထုအခြေ‌ပြုဗဟိုဌာန၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးကော်မတီမှ အစည်းအဝေးပြုလုပ်


MNP ၊ မတ်  ၁၄

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းခတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ စနစ်တကျ ဖျော်ဖြေနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ‌ ၃ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဖျော်ဖြေရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဦးလှမြင့်နှင့် အဖွဲ့ဝင်များက ဖျော်ဖြေရေး ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ရှမ်း၊ အာခါနှင့်လားဟူတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိမိတို့သိလိုသည်များ မေးမြန်းကြပြီး ဖျော်ဖြေရေးကော်မတီအဖွဲ့ဝင် များက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment