ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက် သစ်အချောထည်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက် သစ်အချောထည်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား


MNP ၊ မတ်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သစ်အချောထည်စက်ရုံတွင် ယနေ့နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သစ်အချောထည်စက်ရုံအနီးရှိ အမှိုက်များ မီးရှို့သည့် မီးကြွင်းမီးကျန်များမှတစ်ဆင့်  အနီးရှိ သစ်ဆွေးပုံသို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ တပ်နယ်မှူးများ၊ စစ်နယ်မြေ(၆)မှူး ဗိုလ်မှူးကြီးသိန်းဝင်းနှင့်အဖွဲ့၊ စစ်ကြောင်း(၅)မှ ဗိုလ်ကြီးဟိန်းမင်းဆွေနှင့်အဖွဲ့၊ ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းနှင့် အဖွဲ့၊ စစ်ကြောင်း(၅)မှ ရဲမှူးမောင်ဝင်းနှင့်အဖွဲ့၊ စရတ(လပခ)မှ တပ်ကြပ်ကြီး ဇော်ဝင်းထွန်းနှင့်အဖွဲ့၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင်၊ တိုင်းမီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသည့် သန္ဓေမီးသတ်(၁၂၀)ဦး၊ အရံမီးသတ် (၁၈၀)ဦး၊ ကွပ်ကဲမှုယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄)ဦး၊ ရေသယ်ယာဉ် (၄၀)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂၅)စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ  နံနက် ၁ နာရီ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။


အဆိုပါ မီးလောင်မှုသည် Level 2 အဆင့်ရှိပြီး  ၂၅၀ ပေ × ၆၀ ပေ ဂိုဒေါင်အဆောက်အဦး(၁)လုံး၊ သစ်အကြမ်း (၁၀)တန်နှင့် သစ်အချော(၂)တန် မီးလောင်ဆုံးရှုံးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။


ကျော်ကျော်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment