နတ်မောက်မြို့၌ နွေရာသီအခမဲ့ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ နွေရာသီအခမဲ့ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခမဲ့အခြေခံပန်းချီရေး ဆွဲနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။


အဆိုပါ သင်တန်းဖွင့်လှစ် သင်ကြားပြသမှုနှင့်ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းနေ အရွယ်ကလေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတန်းပညာတွင်သာမက ဘက်စုံထူးချွန်တဲ့ လူရည်ချွန်များ ပေါ်ထွန်းလာစေရန်၊ ပန်းချီပညာကိုစိတ်ဝင်စားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


သင်တန်းတွင်      ပန်းချီဆရာဦးပြေသိန်းက ခဲပန်းချီ/ ဆေးရောင်စုံရေးဆွဲနည်းများနှင့် လူပုံ၊ ကာတွန်းပုံ၊ ရူခင်းပုံ၊ ရေးဆွဲနည်းများအကြောင်းကို လက်တွေ့ သင်ကြားပေးလျက်ရှိသည်။


အဆိုပါ သင်တန်းကို မတ်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး မတ်လ(၃၁) ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ ( ၃၅)ဦးအား စာတွေလက်တွေ့ သင်ကြားပေးလျက်ရှိသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)