မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “အပူဒဏ်အန္တရာယ် ကာကွယ်ရေး” အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “အပူဒဏ်အန္တရာယ် ကာကွယ်ရေး” အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကာလအတွင်း အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ၊ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ်ခံစားရပါက အရေးပေါ်ရှေးဦးပြုစုနည်းအား အများပြည်သူသိရှိနိုင်ရန်ရည်ရွယ်၍ “အပူဒဏ်အန္တရာယ်ကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာပါသဖြင့် ဖော ယောင်ခြင်း၊ မိတ်နှင့်ယားနာများထွက်ခြင်းနှင့် ကြွက်တတ်ခြင်းစသည့် ရောဂါဝေဒနာများအား ခံစား ရရှိနိုင်ပါကြောင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ခံစားရခြင်းများခံစားရပါက ပျို့အန်ခြင်း (သို့)ဂနာမငြိမ်ဖြစ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ကြွက်သားများကြွက်တတ်ခြင်းနှင့် အားပျော့ခြင်း၊ မူးမိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံချိခြင်း၊ ရေဆာခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန် မြင့်တတ်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်ခြင်းများ၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဦးစွာ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က  အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားတွေ့ရှိပါက အရေးပေါ်ရှေးဦးပြုစု ခြင်းများ ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက်ပြသရန် အစရှိသည်များကို ဗဟုသုတရဖွယ် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment