ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မတ်  ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန“စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲ စာစောင်” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး   ခရိုင်ရုံးရှိဝန်ထမ်းများ က    ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ “စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲ စာစောင်”စာအုပ်ပါ  ရည်ရွယ်ချက်ဖြစ်သော လူထုလူတန်းစား အသီးသီးအား အသိပညာ ၊စာပေဗဟုသုတဖြန့်ဖြူး ပေး နိုင်ရန် ၊ စာကြည့်တိုက်လုပ်ငန်းဖြင့် ပြည်သူ့ဆက်ဆံရေး ကဏ္ဍတိုးချဲ့တည်ဆောက်နိုင်ရန် ၊ စာဖတ်ပရိသတ်ဖြင့် ထိတွေ့ ဆက်ဆံရာမှ ပြည်သူလူထု၏ သဘောထား/အသံကို ကြားသိနိုင်ရန် နှင့် ပြန်ကြားရေးလုပ်ငန်းကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် ၊ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းတွင် အထောက် အကူပြုစေရန် နှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သော   စာကြည့်တိုက် အဓိပ္ပါယ် ၊ စာကြည့်တိုက်ပညာ ၊ စာကြည့် တိုက် အမျိုးအစားများ ၊ ထူးခြားသည့် ဝိသေသများ ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ၊ စာစုလုပ်ငန်း ၊ စာရေး သူ ကတ် ပြားများ ၊ စာငှားစနစ် ၊ စသည့် ခေါင်းစဉ်များတွင် ပါဝင် သော အချက်အလက်များ အကြောင်းအရာများအား တစ်ဦး ချင်း ဖတ်ကြားခဲ့ကြပြီး  သိလိုသည်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)