ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက စာအုပ်လှူဒါန်းသည့်အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက စာအုပ်လှူဒါန်းသည့်အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်






MNP ၊ မတ်  ၁၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းက စာအုပ်လှူဒါန်းသည့်အခမ်းအနားသို့ တက်ရောက်သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၅၀)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူသည်။


ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန် မြောက်ပိုင်းခရိုင်တို့ရှိ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ စာကြည့်တိုက်မှူးများက လက်ခံရယူကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကိုယ်တိုင် ရေးသားပြုစုထုတ်ဝေခဲ့သော ရင်ထဲကအဖေနှင့် ပတ်သက်သည့် စာစုများ စာအုပ်(၂၀၀)အုပ်နှင့် စိုက်/ မွေး/ ဆည် စာစုများစာအုပ်(၂၀၀)အုပ် စုစုပေါင်း (၄၀၀)အုပ်အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူသည်။


ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် စိတ်အဟာရစာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ လှူဒါန်းသည့် စာအုပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)