ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်း၌ စစ်တွေမြို့ရေရရှိ ရေးလုပ်ငန်းအဖွဲ့မှ မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရန် ခေတ်မှီစက်ယန္တရားကြီးများ ရောက်ရှိနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်း အမြစ်)(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက စက်ယန္တရားကြီးများ သယ်ဆောင်ခဲ့မှုနှင့် မြေအောက်ရေတူးဖော်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနိုင်လင်းထက်က မြို့နယ်၏ဒေ သဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများနှင့် မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေပေါ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပိုမိုတိုးတက် လာအောင်၊ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်သည် ယခင်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလွန်အားကောင်းသော မြို့နယ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေကောင်းများရှိနေချိန်တွင် ရှိပြီးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတွန်းအားပေး လုပ်ဆောင်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းအများအနေဖြင့်လည်း မြို့မိ၊ မြို့ဖ များ၏အကြံကောင်းဉာဏ်ကောင်းများကို ရယူကာ ဒေသခံပြည်သူများနှင့် ထိတွေ့ပြီး ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်ကြေင်း၊ ရသေ့တောင်မြို့နယ်သည် ရေခံမြေခံကောင်းသည့်ဒေသတစ်ခုဖြစ်သည့်အတွက် ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအ ဖွဲ့အနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့၊ ကမ်းနားလမ်းကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းနှင့် ကမ်းပါးတည်ငြိမ်မှုရှိစေရန် သဲအိပ်ချခြင်းလုပ်ငန်း၊ ဘိုးပိုင်အခြေပြုကျောက်စီမြေ ထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့၊ မြို့ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မြို့ပတ်လမ်းပန်းခြံဆောင်ရွက်မည့် အစီအမံများကို သွားရောက်ကြည့်ရှုကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)