ဘီးလင်းမြို့နယ်ကျိုက်ထီး​ဆောင်းဆံတော်ရှင်စေတီတော်အဝင် မုခ်ဦးမုခ်ဝဖွင့်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်ကျိုက်ထီး​ဆောင်းဆံတော်ရှင်စေတီတော်အဝင် မုခ်ဦးမုခ်ဝဖွင့်မင်္ဂလာအခမ်းအနားကျင်းပ





MNP ၊ မတ်  ၁၁

       မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်  ကျိုက်ထီးဆောင်း ဒုတိယဒီပ ဒေါက်တာ နာဂဒီပ ဆရာတော်အရှင်သူမြတ် ဦီးဆောင်ညွှန်ကြားမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သောဆံတော်ရှင် စေတီတော်များသို့အဝင် မုခ်ဦး မုခ်ဝဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကန်သာယာ ရပ်ကွက်ရှိ  အဆိုပါမုခ်ဦး ရှေ့၌ ကျင်းပပြုလုပ်သည်။


    မုခ်ဦးမုခ်ဝ ဖွင့်ပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ထီးဆောင်းဒုတိယ ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပမှ သာဇီဝသာသနာ့မြို့​တော်ဟောင်း ကျိုက်ထီးဆောင်း သုဝဏ္ဏဘုမ္မိ ဆကေသမဟာဓာတုဝင် ကျိုက်ထီးဆောင်း ဆံတော်ရှင်နှင့် ဆံတော်ရှင်စေတီတော်များသို့ သွားလာနိုင်ရန် ဂဝံမုခ်ဦးမုခ်ဝပြန်လည် တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့သည်။ 


   ထို့​နောက် ဘီးလင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က ဘီးလင်းမြို့နယ် ကိုယ်စားကျေးဇူး တင် ဝမ်းမြောက်ကြောင်း မုဒိတာစကားလျောက်ထားခဲ့သည်။


     ယင်းနောက် မုခ်ဦးမုခ်ဝ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ  ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇေတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ နှင့် ဖိတ်ကြားထားသော ဆရာတော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဂဝံ မုခ်ဦး မုခ်ဝရှိ မော်ကွန်းကမ္ဗည်းအား အမွှေနံ့သာရေ​ဖြင့် ပတ်ဖျန်းပေးခဲ့ပြီး ဆရာတော်၊သံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုကာအခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်း ခဲ့ကြောင်းသိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)