MNP ၊ မတ် ၁၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက စလင်းမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ စလင်းမြို့နယ်သို့ ရောက်ရှိစဉ် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့အနီး သရက်ချဉ်ကျေးရွာအုပ်စု ကွင်းအမှတ်- ၄၄၂ တောင်သူ ဦးမောင်မောင်လွင် နွေနေကြာ သုတေသနစံပြစိုက်ခင်း ၆.၀၀ ဧက ကွင်းအတွင်း စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ ရွှေဇီးကွက် ဆန်စက် လည်ပတ်ဆောင်ရွက်နေမှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများအား ကြည့်ရှု၍ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိပြီး ထပ်မံတိုးချဲ့ဆောင်ရွက်ကာ လိုအပ်သည့် ပံ့ပိုးမှုများကိူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ အခြေခံ ပညာအထက်တန်းကျောင်း စာဖြေဌာနသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ် ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများအား အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ ဆင်ဖြူကျွန်း ချောင်းအတွင်း ကွင်းအမှတ်(၄၃၄)တောင်သူ ဦးမောင်မောင်လွင်၏ ဆောင်းကြက်သွန်နီ(နေကြာ) သီးညှပ်(၂၅)ဧက စံပြစိုက်ခင်းသို့ ရောက်ရှိပြီး၊ ဆောင်းကြက်သွန်(နေကြာ)သီးညှပ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးဦးစီးဌာန တာဝန်ရှိသူများနှင့် ဆောင်းကြက်သွန်နီ(နေကြာ) သီးညှပ်စိုက် တောင်သူ ဦးမောင်မောင်လွင်တို့က ဆိပ်ဖြူဒေသမျိုးဖြင့် ကြက်သွန်နီစိုက်ပျိုးဆောင်ရွက်မှု၊ ပျိုးထောင်ထားရှိမှု၊ စိုက်စနစ်(၃”×၄”)စိုက်ပျိုးဆောင်ရွက်မှုနှင့် စိုက်ပျိုးထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ ကြက်သွန်စိုက် ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်မှု အပေါ် အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းကာ လိုအပ်သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ဖြူကျွန်းပြည်သူ့ ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများအား တွေ့ဆုံ၍ ကျန်းမာရေး အခြေအနေများ မေးမြန်းအားပေးစကားပြောကြားကာ၊ ဆေးရုံကြီးအတွင်းရှိ အောက်ဆီဂျင်စက် လည်ပတ်ဆောင်ရွက်မှု၊ အောက်ဆီဂျင်ထွက်ရှိ ဖြန့်ဖြူးဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်(၁၀)သိန်းအား ဆင်ဖြူကျွန်းရုံအုပ်ကြီးထံ ပေးအပ်ခဲ့ပြီး ဆင်ဖြူကျွန်းမြို့ ဘိုးဘွားရိပ်သာမှ သက်ကြီး ဘိုးဘွားများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ အလှူငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် စလင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အဓိကသီးနှံ(၁၀)မျိုးနှင့် စိုက်ပျိုးရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment