မိုင်းယောင်းမြို့၌ ရာသီစာ ပိန္နဲသီးနုများ ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ ရာသီစာ ပိန္နဲသီးနုများ ဈေးကောင်းရရှိ

 


MNP ၊ မတ်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီစာ ပိန္နဲသီးနုများ လှိုင်လှိုင်ထွက်ပေါ်နေလျက်ရှိရာ ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းလျက်ရှိသည်။


ပိန္နဲသီးပင်များကို ဥယျာဉ်ခြံမြေနှင့် အိမ်ဝိုင်းမြေများရှိ စည်းရိုးများတွင် နှစ်ရှည်ပင်များအဖြစ် စိုက်ပျိုးထားကြပြီး သုံးနှစ်မှ ငါးနှစ်ခန့်တွင် ဆွတ်ခူးရောင်းချ စားသောက်နိုင်သည်။ ပိန္နဲသီးများတွင် အိမ်ပျော့နှင့် အိမ်မာ(အကျွတ်)ဟု နှစ်မျိုးခွဲထားပြီး အိမ်ပျော့မျိုး ပိန္နဲသီးများကို အသီးနုအရွယ်တွင် ဟင်းချက်သီးအဖြစ် ဆွတ်ခူးရောင်းချကြသည်။ အိမ်မာ (အကျွတ်)မျိုးကို ရင့်မှည့်သည်အထိ ထားရှိပြီး အသီးအရွယ်ပေါ်မူတည်၍ တစ်လုံးကို ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ ဈေးကောင်းရရှိသည်။ အိမ်ပျော့မျိုး ပိန္နဲသီးများကို ရင့်မှည့်သည်အထိ မထားရှိဘဲ အနုသီးအရွယ်တွင် ဟင်းချက်သီးအဖြစ် ဆွတ်ခူးရောင်းချကြရာ အသီးအရွယ်ပေါ်မူတည်၍ တစ်လုံး ၁ဝဝဝ ကျပ်မှ ၂၀ဝဝ ကျပ်ထိ ရရှိပြီး တစ်ဆင့်ခံ ဝယ်ယူရောင်းချသူများမှ အစိတ်ငယ်များစိတ်၍ ပြန်လည်ရောင်းချလျင် တစ်လုံးကို ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ ပြန်လည်ရရှိကြရာ ပိန္နဲသီးစိုက် တောင်သူများ ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment