သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဆင်းပွဲကျင်းပ


MNP ၊ မတ်  ၁၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ပေါက်ခေါင်းမြို့၊ အမှတ် (၅) ရပ်ကွက် အထက (အိုးဘိုကုန်း) ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင်  ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကိုယ့်ရပ်ရွာဒေသတွေမှာ သဘာဝဘေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုတွေကို သင်တန်းသားတွေ အနေဖြင့် ပြန်လည်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အန္တရာယ်နှင့် စွမ်းဆောင်ရည်ကို ခွဲခြားတတ်ပြီးတော့ မိမိရပ်ရွာ၊ မိမိလူမျိုးတွေကို သဘာဝဘေးကနေ ကြံကြံ့ခိုင်နိုင်အောင် စီမံဆောင်ရွက်ကြပါရန် ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ လူမှုကူညီရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် Hand Speaker နှင့် ရေဒီယိုများကိုလည်း ပရဟိတအသင်းများထံသို့ ပေးအပ်ခဲ့သည်။


အဆိုပါ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ ရာသီဥတုနှင့် ၎င်း၏ သက်ရောက်မှုများနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်များ အကြောင်း၊ ရှေးဦးပြုစုခြင်း၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေး၊ အစားအစာနှင့် ဘေးအန္တရာယ်၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ စသည့်ဘာသာရပ်များအကြောင်းအရာများကို သက်ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများက  သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့အား သင်တန်းကာလ (၃) ရက်ကြာ သင်ကြားဆွေးနွေးပို့ချပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)