ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ





MNP ၊ မတ်  ၁၁

ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းဖွင့်လှစ်သည့် လုပ်ငန်းခွင်ဝင် အငယ်တန်းစာရေး၊ ရုံးအကူရာထူးနေရာများအတွက် လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက သင်တန်းဆင်းအမှာစကား‌ပြောကြားရာတွင် သင်တန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်နေ့ အထိသင်တန်း (၄)ပတ်ဖွင့်လှစ်ခဲ့ရာတွင် ထူးချွန်စွာအောင်မြင့်ခဲ့သည့် သင်တန်းသား၊သင်တန်းသူများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ဆရာ၊ ဆရာမများ သင်ကြားပေးခဲ့သည့် အချက်အလက်များကိုမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သည်များကို မိမိတို့တာဝန်ကျသည့်ဒေသပြန်ရောက်ပါက အောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသာများအားလုံးတာဝန်ကျေပွန်ပြီး အားကိုးရသည့် လူတော်လူကောင်းတွေဖြစ်ပါစေလို့ ဆန္ဒပြု ဆုမွန်‌ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက်လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းတွင်ထူးချွန်ဆုရရှိသည့် သင်တန်းသားများကိုဆုချီးမြှင့်ရာ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များကို လည်း‌ကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ သင်တန်းသား/ သူ  ၁၄၁ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


စိုင်းသန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment