လူထုအခြေပြုဗဟိုဌာန၌ အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ် ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန၌ အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ် ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ


MNP ၊ မတ်  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း၏ ပန်းတိုင်ကဘာလဲနှင့်အခြားဆောင်းပါးများ စာအုပ်မှ အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ် ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပကြောင်း သိရသည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသူစာပေဝါသနာရှင်များက အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာ ကို ကိုးကွယ်ဆောင်းပါးမှ အတွေ့အကြုံရှိတိုင်း ပညာရှိဖြစ်တာမဟုတ်ကြောင်း၊ ဆင်ခြင်တုံတရားနှင့်ဝေဖန်သုံး သပ်နိုင်သည့် အသိဉာဏ်ရှိမှ အတွေ့အကြုံကို ပညာအဖြစ် ပြောင်းပစ်နိုင်တာဖြစ်ကြောင်း၊ လူငယ်တွေအတွက် အရေးကြီးတာသည် ပညာဖြစ်ကြောင်း၊ အသက်ကြီးလာသည်နှင့်အမျှ အတွေ့အကြုံဆိုတာ ရလာမှာဖြစ်ကြောင်း၊ ပညာဆိုသည် အသက်ကြီးတိုင်းရတာမဟုတ်ကြောင်း၊ စနစ်တကျသင်ယူလေ့လာမှ ရနိုင်တာမျိုးဖြစ်ပြီး ငယ်ရွယ်စဥ်က ပညာကို ရသလောက်ယူစေချင်ကြောင်း၊ ပညာတစ်ရပ်ရပ်ကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ထားမှ ဘယ်သူ့မှအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ပညာတတ်မှလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနိုင်ပြီး ယုံကြည်မှုရှိသည့်လူငယ်တွေများများရှိမှ တိုင်းပြည်ကြီးပွားတိုးတက်မှုရှိလာမှာဖြစ်ပြီး အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ်ပြီး စေတနာကောင်းမွေးရန် လိုအပ်ပုံအကြောင်းများကို အမြင်လျင်းဖလှယ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment