မိုင်းဆတ်မြို့၌ မြေအောက်ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ မြေအောက်ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ


MNP ၊ မတ်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (community Centre) ခန်းမ၌ မြေအောက်ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မြေအောက်ရေဖြစ်တည်လာပုံနှင့် မြေအောက်ရေ အရင်းအမြစ်ကိုလည်းကောင်း၊ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုနှင့် ရေ၏အရေးပါမှုကိုလည်းကောင်း၊ မြေအောက်ရေရှားပါးလာမှုနှင့် ထိန်းသိမ်းသင့်သည်များကိုလည်းကောင်း မေးမြန်းဆွေးနွေးခဲ့သည်။


ဆက်လက်‌၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပန်းအိသွယ်က မြေအောက်ရေသည် ဘူမိဗေဒဆိုင်ရာ ဖွဲ့စည်းမှုများကြောင့် ဖြစ်တည်လာကြောင်း၊ မိုးရွာသွန်းမှု၊ ဆီးနှင်းများကျဆင်းမှုမှတစ်ဆင့် မြေကြီးတွင်စိမ့်ဝင်ကာ မြေပြင်အောက် ပေရာချီကွာဝေးသော အနေအထားတွင် မြေအောက်ရေအဖြစ်တည်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ ရေချိုပမာဏအားလုံးသည် မြေအောက်ရေများဖြစ်ပြီး မြေအောက်ရေမရှိပါက လူသားများဘဝရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ လူဦးရေတိုးပွားလာခြင်း၊ စိုက်ပျိုးမွေးမြူရေးတိုးချဲ့လုပ်ကိုင်ခြင်းနှင့် စက်မှုလုပ်ငန်းသုံးစွန့်ပစ်ရေများ၊ လူတို့၏စွန့်ပစ်ပစ္စည်းများကြောင့် မြေအောက်ရေရှားပါးလာကြောင်း၊ လူသားများအနေဖြင့် မြေအောက်ရေအဆမတန်ထုတ်ယူသုံးစွဲမှု မပြုလုပ်ကြရန်နှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြေအောက်ရေရှားပါးလာမှုကို ဝိုင်းဝန်းထိန်းသိမ်းသင့်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။


မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေး Talk Show များကို We Love Mong Hsat FaceBook Page မှတစ်ဆင့် လွှင့်တင်ပေးခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment