မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၁၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ၊ ကံကလေးကျေးရွာ၊ လိပ္ပုတ်ကျေးရွာ၊ သာယာကုန်းကျေးရွာ(ရွာသစ်) ကျေးရွာနှင့်ပေါက်ကုန်း (ကျီးပင်ဆိပ်) ကျေးရွာငါးရွာတို့တွင် ဆောင်ရွက်လျက်ရှိပြီး မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရရှိငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများကကွင်းဆင်းကာကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက သဲဖြူကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရ ငွေကျပ် (၈.၄၂)သန်း ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအရှည်(၄၅၀)ပေ၊ အကျယ်(၈)ပေ၊ (၉)လက်မထု၊ ကံကလေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၁၀.၆၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းအရှည်(၅၈၀)ပေ၊ အကျယ်(၈)ပေ၊ (၆)လက်မထု၊ လိပ္ပုတ် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၁၉.၁၆)သန်း ဖြင့်ဆောင်ရွက် ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းအရှည်(၉၂၀)ပေ၊ အကျယ်(၈)ပေ၊ (၆)လက်မထု၊ သာယာကုန်းရွာသစ် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၁၄.၉၀)သန်း ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအရှည်(၆၆၀)ပေ၊ အကျယ်(၁၀)ပေ၊ (၆)လက်မထုနှင့်ပေါက်ကုန်း(ကျီး ပင်ဆိပ်)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၁၉.၁၆)သန်း ဖြင့်ဆောင်ရွက် ခဲ့သည့် ကျေးရွာတွင်းဂဝံလမ်း ခင်းခြင်း အရှည်(၃၈၄၀)ပေ၊ အကျယ်(၈)ပေ၊ (၈)လက်မထု ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကိုကြည့်ရှုစစ်ဆေးသည်။


မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာတွင်းလမ်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းများကိုလည်း ဖေဖော်ဝါရီလ တတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ(၉)ရက်နေ့တွင်သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီး အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်စိုးထံမှသိရသည်။


ဇင်မင်းထိုက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)