ချမ်းမြသာစည်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း(၅)မျိုးသင်တန်း ဖွင့်လှစ် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း(၅)မျိုးသင်တန်း ဖွင့်လှစ် သင်ကြား



MNP ၊ မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅)မျိုး သင်တန်းကို မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။


ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေးအတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် နွေရာသီအခြေခံအားကစား နည်း(၅)မျိုးဖြစ်သည့် ရိုးရာခြင်းသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်သင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းတို့ကို နေ့စဉ်နံနက် ၇:၀၀ နာရီမှ ၉:၀၀ နာရီအထိ နည်းပြဆရာများဖြင့် သင်တန်းသား/သူ ၉၇ ဦးအား လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းများကို ဧပြီလ ပထမပတ်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အား/ကာ ဦးစီးမှူး ဦးတင်မောင်၀င်းထံမှ သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment