ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာအောင်သင်း၏ "ပညာဖြင့်ကန်တော့ခြင်း" စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာစိန်ဝင်းနွယ် (ဘာသာပြန်)က "သုတနှင့်ပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာ ရဲမွန်‌‌ကျော်က"ပညာဖြင့်ကန်တော့ခြင်း"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာနန်းနန်း(စပါးကျီ)" ပညာဖြင့်ကန်တော့ခြင်း -၂" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)က "ပညာဖြင့်ကန်တော့ခြင်း-၃" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment