ရ‌သေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား ကျောင်း သူ(၁၃၂၉) ဦးကအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ‌သေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား ကျောင်း သူ(၁၃၂၉) ဦးကအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ရသေ့တောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက  စာစစ်ဌာန(၂)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။


ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာမေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ စာစစ်ဌာန(၂)ခု ဖွင့်လှစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပလုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိသည်။


ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၅၁)ဦးရှိရာ ယနေ့ သင်္ချာဘာသာရပ်အား စာစစ်ဌာန(၂)ခု၌ ဝင်ရောက်ဖြေဆိုသူ(၁၃၂၉)ဦး၊ ပျက်ကွက်သူ(၁၂၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)