နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်



MNP ၊ မတ်  ၁၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “အောင်မြင်မှုနှင့် ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က စာအုပ်တစ်အုပ်အပေါ်တွင် တစ်ဦးနှင့်တစ်ဦးမတူညီသော အတွေး အမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးများအား တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “အောင်မြင်မှုနှင့် ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထို့နောက် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


ယခုလို အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးစေရေး စာဖတ်ဝိုင်းများကို လစဉ် စာအုပ်စာပေ ဝါသနာပါသူ (Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်ထံက သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment