စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်






MNP ၊ မတ်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး၊ ဖြေဆိုမှုများအား စည်းကမ်းတကျ ရှိစေရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး ဆောင်ရွက်ပေးမှုဆိုင်ရာတို့အားမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များသည် နိုင်ငံတော်အတွက် တန်ဘိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့”ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နွေရာသီကျောင်းပိတ် ရက်ကာလတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် နွေရာသီအား ကစားသင်တန်းများအား ခရိုင်/မြို့နယ်အားလုံးတွင် အနည်းဆုံးအားကစားနည်း ၁၀ မျိုး ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် ကျောင်းမနေသည့် ကလေးများ၊ လမ်းပေါ်နေကလေးများနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စားသောက်ကုန် သင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ စက်မှုလက်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှ ပို့ချပေးသွားမည့် နည်းပညာရပ်များကို စာတွေ့လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူမှတ်သားသွားကြရန်နှင့် သင်တန်းမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်ကမ်းများအား အပြည့်အဝ လိုက်နာသွားကြရန်၊ ရက်တိုကာလ သင်တန်းဖြစ်သည့်အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြထံ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကာ သင်ကြားမှုအခြေခံပစ္စည်းများနှင့် နမူနာပုံစံများအား ကြည့်ရှုအားပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


အဆိုပါ Fancy လက်မှုထည် ထုတ်လုပ်နည်းသင်တန်းအား ရက်သတ္တပတ်အကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့အားကစားကွင်းအတွင်း နွေရာသီ အားကစားသင်တန်းများတွင် သင်တန်းဆရာများ၏ သင်ကြားပေးနေမှုအပေါ် သင်တန်းသား၊ သင်တန်းသူများမှ လိုက်ပါလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)