MNP ၊ မတ် ၂၅
၂၀၂၃-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၊ ရန်ကုန်မြို့မှ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူများအား သယ်ယူပို့ဆောင် ပေးနေသည့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ (၄/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ၂၀၂၃-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေ အနေများနှင့် ပတ်သက်၍ ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တာဝန်ရှိသူများက မဟာသင်္ကြန်ကာလအတွင်း YBSယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများ၊ မဟာသင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများ၊ ယာဉ်စီးခ ပိုမိုကောက်ခံ သည့် ယာဉ်လိုင်းများအား အရေးယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment