MNP ၊ မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်နှင့်စာရိတ္တအကြောင်းကိုရှင်းလင်းပြောကြားပေးသည်။
ထို့နောက် ဓနုဒေသ မိခင်နှင့်ကလေးအဖွဲ့ဝင် ဒေါ်မိုးမိုးနှင်းရည်ထွန်းမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) ဦးစီးအရာရှိဒေါ်မိုးမိုးထွေးက ဆိုရှယ်မီဒီယာအကြောင်းတို့ကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ချီးမြှင့်ပေးခဲ့ကြပြီး၊ အခမ်းအနားပြီးတွင် ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ် စာစောင်များ၊ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်ပြဘုတ်နှင့် ပြတိုက်ငယ်တို့တွင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
အောင်ကိုဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment