MNP ၊ မတ် ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီး ပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း အရင်းမ ပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန် ၄ မိုင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကံထွန်းအောင်က အဖွင့်အအမှာ စကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း အရင်း မပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန် နှင့်အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်း ဝန်းကြိုးပမ်းဆောင် ရွက်ကြစေလို ကြောင်း နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်ထွန်းမောင်က စိုက်ပျိုးရေး မြစိမ်းရောင် စီမံကိန်း အရင်းမပျောက် မတည်ရန်ပုံ ငွေပေးအပ်ရသည့်ရည်ရွယ်ချက်များ၊ သီးနှံများ စိုက်ပျိုးနိုင်မည့် အခြေအနေ များ အပေါ် မှုတည်၍ ခွဲဝေပေးရခြင်း နှင့်ဆောင်ရွက်မည့်လုပ် ငန်း အခြေအနေ များ ကို ရှင်းလင်းဆွေးနွေးခဲ့ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကံထွန်းအောင် နှင့် တာဝန်ရှိသူတို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့ စီးပွား မြှင့် တင်ရေးအတွက် ၄ မိုင်ရပ်ကွက်အတွင်းရှိ တောင်သူ ၇၁ ဦးအတွက် ရန်ပုံငွေကျပ် သိန်း(၄၀၀) ကို ကျေးရွာစီမံကိန်း ကြီး ကြပ်မှု ကော်မတီ သို့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရ ယူ ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြား ခဲ့ကြောင်းသိရသည်။
အောင်ကျော်စိန် ၊သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment