ဂွမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ၌ ဂွမြို့ ၊ ရွာမရပ်ကွက်ရှိ သမိုင်းဝင် ရှေးဟောင်းဘုရားပုထိုး စေတီတော်များရှိရာ ထန်းတောဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊မမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ရွာမရပ်ကွက်ရှိ သမိုင်းဝင် ရှေးဟောင်းဘုရားပုထိုး စေတီတော်များရှိရာ ထန်းတောဝန်းအတွင်း သစ်ပင်၊ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)