အမ်းမြိုလေယာဉ်ကွင်းရပ်ကွက်ဇေယျသုခအေးစေတီ စာရုတောင်စေတီတော်နှင့်ပတ်ဝန်းကျင် ၌စု ပေါင်း သန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြိုလေယာဉ်ကွင်းရပ်ကွက်ဇေယျသုခအေးစေတီ စာရုတောင်စေတီတော်နှင့်ပတ်ဝန်းကျင် ၌စု ပေါင်း သန့်ရှင်းရေးဆောင်ရွက်





MNP ၊ မတ် ၂၅

      ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့လေယာဉ်ကွင်းရပ်ကွက် ဇေယျသုခ အေးစေတီ စာရုတောင်စေတီတော် နှင့်ပတ် ဝန်းကျင် လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာလှပရေးအတွက်ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ခရိုင်၊မြို့ နယ်ဌာနဆိုင်ရာဝန် ထမ်းများ၊လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့

ဝင်များ ပြည်သူများက စုပေါင်း၍ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်ခဲ့သည်။


     အဆိုပါသန့်ရှင်းသာ ယာလှပရေးစု ပေါင်း ဆောင်ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်း မှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ကဦးဆောင် ၍ ခရိုင် /  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်း​များက ပူးပေါင်း၍ စေတီတော်ပရဝုဏ်ပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်

လမ်းဘေးဝဲ/ယာ တို့၌သန့်ရှင်း သာယာလှပရေးအတွက်  ခြုံနွယ် ပေါင်းမြက်များအားခုတ်ထွင်ရှင်း လင်းခြင်းအမှိုက်ကောက်ခြင်းများအားစုပေါင်း​ေဆာင် ရွက်ခဲ့သည်။

     

စိုးမင်းထွန်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)