MNP ၊ မတ် ၂၅
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်သည်အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ ယူနစ်စ ကိုဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦး စီး ဌာနမှ ဦးစီးအရာရှိ ဦးဆန်းကျော်နှင့်ဝန်ထမ်းများမှ ဦးဆောင်၍ နယ်မြေခံတပ် မတော် သား များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊လူမှုရေး အသင်းအဖွဲ့များ ၊ရပ် ကွက်အုပ်ချုပ်ရေးမှူးများ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အလယ်ဈေးရပ်ကွက် ခမရ၅၄၀ စစ်ဆေးရေးဂိတ် စတင်၍ညောင်ပင်ဈေးရပ်ကွက် သျှစ်သောင်း ပုထိုးတော်ကြီး လမ်းဆုံထိ လမ်းလျှောက် ကာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးဝဲယာနေရာများ၌ အမှိုက် များ အား စုပေါင်း သန့်ရှင်းရေး လမ်းလျှောက် အမှိုက်ကောက် Campaingပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ နယ်မြေခံ ခြေလျင်တပ်မဌာနချုပ်မှ တပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ် မှူးကြီး တင်ထူးလှိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုး သက် နှင့်အဖွဲ့ ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့်မြို့နယ်မီး သတ်ဦးစီးဌာနမှ မီးသတ်တပ် ဖွဲ့ဝင် များ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း ( ၄၈၁)ဦးတို့ပူး ပေါင်း ၍ စုပေါင်း သန့်ရှင်းရေး လုပ်ဆောင်လျှက်ရှိ ကြောင်း သိရသည်။
မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည်တော်များ နှင့် အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက်ကြသော ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရန် နှင့် ယူနစ်စကိုဝင်ရောက်နိုင်ရန်အတွက် အထောက်အကူပြုစေရန် ရည်ရွယ် ၍ အလယ်ဈေးရပ်ကွက် ခမရ ၅၄၀ စစ်ဆေးရေးဂိတ် စတင်၍ညောင်ပင်ဈေးရပ်ကွက် သျှစ်သောင်း ပုထိုးတော်ကြီး လမ်းဆုံထိ လမ်းလျှောက်အမှိုက်များ ကောက်ယူခြင်း၊ ခြုံနွယ်ပိတ် ပေါင်းများ နှင့် ပေါင်း မြက်များအားစုပေါင်းခုတ် ထွင်ရှင်းလင်း ခဲ့ပြီးနောက် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦး စီးဌာ န မှ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းမှ အစပြု၍သင်လည်း ပတ်ဝန်း ကျင်ကိုထိန်းသိမ်း သူအဖြစ် ပါဝင်နိုင်ပါသည်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း ၊ ပလတ် စတစ်အိတ်အစား "ပတ်ဝန်းကျင်သာယာလှပစေရေးပလတ်စတစ်သုံးစွဲမှုကိုဆန့်ကျင်ပေး" ဆောင် ပုဒ် ပါရှိသော ဖော့အိတ်များ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment