ကျေးလက်နေပြည်သူများ ဘဝတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ပေးခဲ့သော လမ်းတံတားများ ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးလက်နေပြည်သူများ ဘဝတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ပေးခဲ့သော လမ်းတံတားများ ရာနှုန်းပြည့်ပြီးစီး


MNP ၊ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိကျေးလက်နေပြည်သူများ ဘဝတိုးတက်မြင့်မားစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လမ်းတံတားများ တည်ဆောက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကံဦးကျးရွာကုန်ထုတ်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်းအောက်ခံ‌ မြေသား ၄၇၀၀ ပေ အကျယ် ၁၄ ပေ ထု ၂ ပေ အား မြေနီကျာက် ၄၇၀၀ ပေ အကျယ် ၁၂ ပေ ထု ၉ လက်မခင်းခြင်းကို ၇၇ ဒသမ ၉၁ ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးလွင်ထံမှသိရသည်။


မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးလက်နေပြည်သူများအတွက် ကျောက် ချောလမ်း ၁ မိုင် ၄ ဖာလုံ၊ မြေနီလမ်း ၅ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၂ မိုင် ၃ ဖာလုံတို့ကို ရန်ပုံငွေကျပ် ၆၇၄ ဒသမ ၅၂၅သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဦးစီးမှူးဒေါ်တင်နုနုထွန်းထံမှသိရသည်။


ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများဘဝ တိုးတက်မြင့်မားစေရေးအတွက် လမ်းတံတားများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းအားလုံးသတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)