တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှဆေးကုရေးအဖွဲ့သည်မာန်အောင်ဒေသခံပြည်သူ(၈၅၅)ဦးအားဆေးကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှဆေးကုရေးအဖွဲ့သည်မာန်အောင်ဒေသခံပြည်သူ(၈၅၅)ဦးအားဆေးကုသပေး





MNP ၊ မတ်  ၉

  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော်နယ်လှည့်ဆေးကုသရေးပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှအထူးကုပါရဂူဆရာဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်၁၁နာရီခွဲမှညနေ၅နာရီထိ အနောက်စုရပ်ကွက်ရှိ မာန်အောင်မြို့နယ်ခန်းမတွင် အခြေပြု၍ ဒေသခံပြည်သူ(၈၅၅)ဦးအားဆေးကုသပေးခဲ့သည်။


  အဆိုပါ ဆေးကုသရေးအဖွဲ့သည် ဒေသခံပြည်သူများအားဆေးကုသမှုဆိုင်ရာ(၂၅၀)ဦး၊ခွဲစိတ်ရောဂါ(၄၁)ဦး၊ကလေးရောဂါ(၃၄)ဦး၊သားဖွားမီးယပ်ရောဂါ(၅၉)ဦး၊အရိုးရောဂါ(၁၀၅)ဦး၊နား၊နှာခေါင်း၊လည်ချောင်း ရောဂါ(၅၄)ဦး၊မျက်စိရောဂါ(၂၅၀)ဦး၊သွားရောဂါ(၆၂)ဦး၊စုစုပေါင်း(၈၅၅)ဦးတို့အား ဆေးကုသပေးနိုင်ခဲ့ ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment