ရသေ့တောင်မြို့တွင်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးခြင်းများဆောင်ရွက်





MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာမေးပွဲကာလအတွင်းအမက(၂)(၄)ကျောင်းများတွင် တည်းခိုချက်ပြုတ်စားသောက်နေကြသည့် ကျောင်းသား/သူ များနှင့် မိဘအုပ်ထိန်းသူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကယနေ့ည‌နေ၃နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


ထိုသို့ အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှမြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များကကျောင်းသား/သူ များနှင့် မိဘအုပ်ထိန်းသူများအားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့်မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့်အကြောင်းအရာများအား အသိပညာပေးပြောကြားပြီးမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)