ရွှေတောင်မြို့နယ် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားစက်ရုံ တွင်မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ ခြင်းနှင့်လိုက်လံစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားစက်ရုံ တွင်မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ ခြင်းနှင့်လိုက်လံစစ်ဆေး





MNP ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင်မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ ခြင်းနှင့်လိုက်လံစစ်ဆေး ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကအရှိန်အဟုန်တိုးမြှင့်ဆောင် ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။


အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးဦးသက်ပိုင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့များမှ ရွှေတောင်မြို့နယ် MCM Power Co. Ltd  သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စက်ရုံဝန်ထမ်းများအား မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဆေးဘူးဖြင့်လက်တွေ့ကိုင်တွယ်မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။


ထို့နောက် မီးတားလမ်းများဖောက်လုပ်ထားရှိနိုင်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေလုံလောက်စွာဖြည့်တင်းဆောင်ရွက်ထားရှိမှုများကိုလိုက်လံစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)