မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မအီ(အ.ထ. က) စာစစ်ဌာနနှင့် လမူးမော်(အ ထ က) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ()ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။ 


အဆိုပါ မအီ(အ.ထ. က) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၄၅)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၄၇)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း(၁၂၁)ဦးဖြစ်ကြောင်း၊ လမူးမော်(အ ထ က) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၇)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၁၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း (၄၅)ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စာစစ်ဌာန(၂)ခုတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၆၆)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ မအီ(အ.ထ. က) စာစစ်ဌာနတွင် ကျား(၁၂)ဦးနှင့် မ(၁၂)ဦးနှင့် လမူးမော်(အ ထ က)စာစစ်ဌာနတွင် ကျား(၄)ဦးနှင့် မ(၈)ဦးရှိပြီး စုစုပေါင်း(၃၆)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်း၊ မအီ(အ.ထ. က) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၃.၄၅)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၆.၅၅)ရာခိုင်နှုန်းရှိကြောင်း၊ လမူးမော်(အ ထ က) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၇၈.၉၅)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၂၁.၀၅)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။


အဆိုပါ သင်္ချာဘာသာရပ် ဖြေဆိုနေစဉ်တွင် တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်သည် တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်တို့လိုက်ပါလျက် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုစေနိုင်ရေး၊ မသမာမှုများကင်းရှင်းစေရေးတို့အတွက် စာစစ်ဌာနအတွင်းရှိ စာဖြေခန်းများအား နံနက် ၁ဝး၀၀ နာရီခန့်က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ဌာနဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ မအီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းအား ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment