အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ




MNP ၊ မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ပညာရေးမှူး ဦးအောင်ဆွေဦးက ဆွေးနွေးပွဲသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွဲ နေပြည်တော်ပညာရေးမှူး ဦးအောင်ဆွေဦးက “ဆရာမများ၏ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး၊ သင်ကြားရေး အရည်အသွေး မြင့်မားလာစေရေးနှင့် ထိရောက်စွာ ပြန်လည်သင်ကြား ပို့ချနိုင်စေရေးနှင့် အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရေး၊ သင်တန်းသား သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့်လည်း ပို့ချဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေး ပေးကြစေလိုကြောင်းနှင့်  မိမိတို့၏ အရည်အသွေးများပြည့်ဝအောင် အစဉ်ကြိုးစားနေကြရမှာ ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် စနစ်သစ်အား အောင်မြင်စွာဖြတ်ကျော်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတော်ကြီးဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း”ပြောကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ပညာရေးမှူး ဦးအောင်ဆွေဦး၊ ပျဉ်းမနားခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်ပညာရေးမှူး ဦးတင်ဆန်း၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးသိန်းလွင်နှင့် တာဝန်ရှိသူများက စွမ်းရည်မြှင့်သင်တန်းပို့ချနေမှုများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဆောင်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲအား မတ်လ ၂၈ ရက်မှ ၃၁  ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၂၃)ဦးနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၆၇၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)