MNP ၊ မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် အခြေခံထိုင်းဘာသာ စကားသင်တန်းကို မတ်လ၂၄ရက်နေ့မှမတ်လ၂၈ရက်နေ့ထိအခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် ထိုင်းဘာသာစကားသင်တန်းနည်းပြဆရာမတစ်ဦးက တစ်နေ့လျှင် စာသင်ချိန် (၂)နာရီခန့်လာရောက် သင်ကြားပေးခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူလူငယ်လူရွယ် (၁၂)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့်အလျောက် ဒေသခံပြည်သူများအနေဖြင့် ထိုင်းဘာသာစကားကို အခြေခံနား လည် တတ်မြောက်ထားရှိရန်လိုအပ်သဖြင့် အဆိုပါ သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment