MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့အဖြစ် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှဖြေဆိုလျက်ရှိသည်။
ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ( ၂၈)ရက်နေ့မှ ဧပြီလ( ၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ပထမကြီးတန်းတွင် (၅ )ပါး၊ ပထမလတ်တန်းတွင်(၁)ပါး၊ ပထမငယ်တန်းတွင် ( ၆ )ပါးနှင့် အခြေပြုမူလတန်းတွင် (၁၃)ပါး၊ စုစုပေါင်း( ၂၅ )ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းထားသူ စာဖြေသံဃာစုစုပေါင်း( ၄၆)ပါး ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရှိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment