ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေး



MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/သူများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အ.ထ.က(ဘုရားကြီး)သို့ ရောက်ရှိခဲ့ပြီး စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/ သူများအား ကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲဖြေနေစဉ် စာစစ်ဌာနအလိုက် ကျန်းမာရေးအဖွဲ့များထားရှိရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းအတွင်းရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ စာသင်ခုံများ ပြန်လည် ပြုပြင်နိုင်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပိတ်ရာသီတွင် စာသင်ဆောင်များနှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


 ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အ.ထ.က(ဘုရားကြီး)တွင် စာဖြေဦးရေရှိရင်း(၁၉၀)ဦး၊ လာရောက် ဖြေဆိုသူ(၁၆၇)ဦးဖြစ်ကာ စာမေးပွဲဖြေဆိုသူ(၈၇.၈၉)ရာခိုင်နှုန်းရှိပြီး တိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၇၅)ခုရှိကာ စာရင်းရှိ ကျောင်းသားဦးရေ(၁၃၆၃၀)ဦး၊ စာမေးပွဲဖြေဆိုသူ (၁၂၃၈၇)ဦး ဖြစ်သဖြင့် (၉၀.၈၈)ရာခိုင်နှုန်း တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း)စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment