မိုင်းခုတ်မြို့၌ ရာသီပေါ် ညောင်ချဉ်ဖူးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ ရာသီပေါ် ညောင်ချဉ်ဖူးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ



MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ရာသီပေါ်ညောင်ချဉ်ဖူးများ ခူးဆွတ်ချိန်ရောက်၍ ညောင်ချဉ်ဖူးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။


ညောင်ချဉ်ပင်များသည် တောအတွင်းအများဆုံး ပေါက်ရောက်လေ့ရှိပြီး မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိနေအိမ်ခြံဝင်းအတွင်း၌ သော်လည်းကောင်း၊ ခြံစည်းရိုးထောင့်တွင်သော်လည်းကောင်း စိုက်ပျိုးထားကြရာ ယခုအခါ ဆောင်းရာသီကုန်စအချိန်တွင် ဖူးလေ့ရှိသော ညောင်ချဉ်ဖူးများ ခူးဆွတ်ချိန်ရောက်သဖြင့် မိသားစုစားသုံးရန်အပြင် ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ ရောင်းချရာ၌လည်း အိတ်အတွင်း သင့်လျော်ရာထည့်၍ တစ်ထုတ်လျှင်ငါးရာကျပ်ရသဖြင့် ညောင်ချဉ်ဖူး ခူးဆွတ်ရောင်းရချသူများ တွက်ချက်ကိုက်လျက်ရှိကြောင်း ညောင်ချဉ်ဖူးခူးဆွတ်ရောင်းချသူ ဒေါ်အီမွှေးက ပြောသည်။


ညောင်ချဉ်ဖူးများကို တို့စရာအဖြင့် ပြုတ်၍သော်လည်းကောင်း၊ ဟင်းရည်အဖြင့် ချက်ကာ သီးသန့်သော်လည်းကောင်း၊ ပဲပုတ်(သို့) ဝက်သား(သို့) ကြက်သား များဖြင့်ရော၍ ချက်စားရာတွင် အရသာထူးကဲသဖြင့် ရာသီပေါ်ညောင်ချဉ်ဖူးများကို ကြိုက်နှစ်သက်သူများပြားကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment