ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


MNP ၊ မတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့မွန်းလွဲပိုင်းက ငှက်ပေါက်ကျေးရွာအုပ်စု၊ ငှက်ပေါက်ကျေးရွာ ဒက္ခိဏာရုံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယက သက်တော်ရှည် ဆရာတော်ဘုရားကြီး ဥုးသောဘနအား ဖူးမျှော်ကြည်ညိုကာ  ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး နဝကမ္မ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မိသားစုများက ဆပ်ကပ်လှူဒါန်းကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေးစက်သွန်းချအမျှပေးဝေခဲ့သည်။


ဆက်လက်ပြီး ဒက္ခိဏာရုံ ကျောင်းတိုက်ဝန်းအတွင်း၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်နေမှုအား ကြည့်ရှုပြီး သင်တန်းနည်းပြများက ဆရာတော်အား နဝကမ္မဝတ္ထုငွေနှင့် ဗလာစာအုပ်များကို ဆပ်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော အလယ်ကျွန်း(၁၆)အုပ်စုမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ ကျေးရွာ၊ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သူများ ဖြစ်မည်ဟု ထင်မြင်မိပါကြောင်း၊ ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရေး၊ ရွာရေးတို့အတွက် လိုအပ်လာပါက အချိန်ပြည့် ကူညီဆောင်ရွက်ကြရန်နှင့် ရပ်ကျေးစာရေး​များနှင့်ပေါင်းစပ်ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သန့်ရှင်းသာယာလှပရေးတို့အတွက် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့ကိုယ်တိုင် တွေ့မြင်နေရပြီဖြစ်၍ မိမိတို့ကျေးရွာ ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ပူးပေါင်းပြီး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာ၊ ရပ်ကွက်သန့်ရှင်းသာယာ လှပရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ ပြည်သူများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ငပုတောမြို့နယ်သည် အလွန်အေးချမ်းသာယာသော မြို့နယ်တစ်ခုဖြစ်၍ တည်ငြိမ်အေးချမ်းမှုကို မလိုအပ်လားသော သူများ၏ နှောင့်ယှက်၊ ဖျက်ဆီးသောသူများမှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွက် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များကဲသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးတို့အတွက် ကျေးရွာအုပ်စုများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီး ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးက ပြန်လည်တင်ပြလာမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)