စာငှား စာဖတ်သူတိုးပွားရေးအသိပညာပေး(talk show)ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စာငှား စာဖတ်သူတိုးပွားရေးအသိပညာပေး(talk show)ကျင်းပပြုလုပ်


MNP ၊ မတ်  ၁၃

အများပြည်သူများ အသိပညာများ ပိုမိုရရှိကာ လေ့လာနိုင်ရန်အတွက် (online)မှတစ်ဆင့် အသိပညာလုပ်ငန်းများအဖြစ် တင်ပြဆွေးနွေးဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်က စာငှားစာဖတ်တိုးပွားရေး စည်းရုံးဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်(talk  show)ပြုလုပ်ဆောင်ရွက်သည်။


ရှေးဦးစွာ ဦးစီးအရာရှိ ဦးနေလင်းအောင်က မိမိတို့ဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် စာဖတ် စာငှား တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို  ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက စာဖတ်၊ စာငှားတိုးပွားရေးအတွက် ဌာနဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်နေမှုများ၊ စာဖတ်၊ စာငှားသူများ စုပေါင်း၍   စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ပြုလုပ်ဆောင်ရွက်နေမှု၊ စာဖတ်သူများ ကြိုက်နှစ်သက်ရာ စာပေအမျိုးအစားအလိုက် အလွယ်တကူ ငှားယူနိုင်ရန် ဆောင်ရွက်နိုင်ရန်နှင့် ပုံပြင်ပြောခြင်း စသည့် အစီအစဉ်များကိုလည်း (online)မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိနေမှု အခြေအနေများအား စာပေဝါသနာရှင်များ သိရှိရန် တင်ပြဆွေးနွေးသည်။


မြို့နယ် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများဖြစ်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြေစိုက်ပြဘုတ်တွင် ကျန်းမာရေး၊   ပညာရေးစသည့် အသိပညာပိုစတာများ ပြသဆောင်ရွက်ပေးခြင်းအပြင်     ဌာနအသီးသီးမှ ကျွမ်းကျင်သူများနှင့် တွေ့ဆုံကာ (online)မှတစ်ဆင့် (TALK SHOW)အစီအစဉ်များ တင်ဆက်ပေးလျက်ရှိသည်။



အောင်စိုးဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)