လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ


MNP   -   မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)တို့ ပူးပေါင်းပြီး စာဖတ်ရှိ်နမြင့်မားရေးအတွက် စာရေးဆရာ ကြည်နိုင်ရေးသားသည့် “ဘဝပုံရိပ် စာပုံရိပ်” စာအုပ်အား ယနေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း (ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ လူငယ်လူရွယ်များ အနေဖြင့် အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်းက အတ္တဝိဉာဉ်နှင့် ခေတ်ပြိင်ခံစားမှုခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး အသင်းဝင် များဖြစ်သည့် ဦးစောမြင့်က သော်တာဆွေနှင့် မြိုင်ထကိုရင်လေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအိပုလဲသွယ်က အသိရခက်သော အပြုံးတစ်ပွင့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးပြည့်ဖြိုးအောင်က ဂေါဒေါ့ပလ္လင်မှ အတွေးစများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ် နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)