အုတ်တွင်းအထက၌ အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းအထက၌ အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေး


MNP   -   မတ်   ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အလယ်တန်းဆင့် Grade-9 ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အုတ်တွင်းအထက ပညာသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် Grade-9 ကျောင်းသား၊ ကျောင်းသူများအား အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးရီက စက်မှုပညာရပ် ဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်‌အေးက စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်စန်းစန်းမြင့်က မွေးမြူရေးပညာရပ်ဆိုင်ရာ အခွင့်အလမ်း များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို စိတ်ဝင် တစား ပြန်လည်မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


နိုင်ငံတော်မှ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်နှင့် အတူ တွဲဖက်သင်ကြား‌မည့် ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၁ ကျောင်း ဖွင့်လှစ်သွား မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း လေးကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ညောင်ခြေ ထောက်မြို့၌ တစ်ကျောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)