MNP ၊ မတ် ၂၄
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးတွင် CDF သောင်းကျန်းသူများ ထောင်ထားသော လက်လုပ်မိုင်းများအား ယမန်နေ့ နံနက်ပိုင်းက ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီးရှိ ရေမြောင်းအုတ်ခုံအနီး၌ အပြစ်မဲ့ပြည်သူများ ထိခိုက် သေကြေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် CDF သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်ရှေ့ထွက်မိုင်း ၄ လုံးအား လုံခြုံရေးအဖွဲ့ဝင်များမှ မိမိ၏ အသက်ကို ပဓာဏ မထားဘဲ ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment