ကျောက်တန်းမြို့နယ်လူတုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ်လူတုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၁၀

ရန်တိုင်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရေးသားထားသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်အား ရှင်းလင်း ကျင်းပခဲ့သည်။


ထို့နောက်ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဆုမြတ်မွန်က နိုင်ငံဝန်ထမ်းနည်းဥပဒေစာအုပ် အခန်း(၁၅)မှ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများခေါင်းစဉ်ကို ဝန်ထမ်းများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)